行政書士法人サイトへ

"2028 အတွက် စီးပွားရေးစိန်ခေါ်မှု" "KA (Kei-ei) Challenge 2028"

စီးပွားရေးဗီဇာကို လက်မလျှော့လိုက်ပါနဲ့
2028 မှာလဲ သင် ဂျပန်နိုင်ငံမှာ စီးပွားရေး ဆက်လက်လုပ်ကိုင်နိုင်ပါ့မလား ? "စီးပွားရေး/စီမံခန့်ခွဲမှု" ဗီဇာ စံသတ်မှတ်ချက်အသစ်အတွက် ယခုကထဲကပြင်ဆင်လိုက်ပါ။ လုပ်ငန်းရှင်များအတွက် အတူတကွ ပူးပေါင်းပါဝင်ပေးမည့် အကြံပေးဝန်ဆောင်မှု

"စံသတ်မှတ်ချက်အသစ်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း" လျှောက်ထားရန်

နိုင်ငံအလိုက် အခမဲ့ အွန်လိုင်းဆွေးနွေးပွဲ ကျင်းပရန် အစီအစဉ်

စံသတ်မှတ်ချက်အသစ်၏ အဓိကအချက်များနှင့် ပြင်ဆင်ဆောင်ရွက်ရမည့် နည်းလမ်းများကို နားလည်လွယ်အောင် ရှင်းလင်းပြောကြားပေးသွားပါမည်။

မြန်မာ

September 8 (အင်္ဂါနေ့)15:00 - 16:00

အခမဲ့ Seminarလျှောက်ထားရန် ဤနေရာသို့

ဗီယက်နမ်

September 9 (ဗုဒ္ဓဟူးနေ့)15:00 - 16:00

အခမဲ့ Seminarလျှောက်ထားရန် ဤနေရာသို့
  1. 01နိုင်ငံခြားသား လုပ်ငန်းရှင်များအတွက် စိန်ခေါ်မှုများ

    2028 ခုနှစ် 10 လပိုင်းမှစ၍ အပြည့်အဝ စတင်ကျင့်သုံးမည့် "စီးပွားရေး/စီမံခန့်ခွဲမှု" ဗီဇာ၏ ခွင့်ပြုချက် စံသတ်မှတ်ချက်အသစ်တွင် မတည်ရင်းနှီးငွေ၊ အမြဲတမ်းဝန်ထမ်း၊ ဂျပန်စာအရည်အချင်း၊ စီးပွားရေးအတွေ့အကြုံ၊ စီးပွားရေးလုပ်ငန်းအစီအစဉ် စသည်တို့၏ စည်းကမ်းချက်များသည် တစ်ပြိုင်နက်တည်း အဆမတန် မြင့်တက်လာမည်ဖြစ်သည်။
    လုပ်ငန်းရှင်တစ်ဦးအနေဖြင့် သင့်တော်သည့် ပြင်ဆင်တုံ့ပြန်မှုများ မလုပ်ဆောင်ပါက ယခုအချိန်ထိ တည်ဆောက်ခဲ့သော စီးပွားရေးလုပ်ငန်းကို လက်လွှတ်ပြီး ဂျပန်နိုင်ငံမှ ထွက်ခွာရမည်ဖြစ်သည်။ နိုင်ငံခြားသား လုပ်ငန်းရှင်များအတွက် 2028 ခုနှစ်သည် အမှန်တကယ်ပင် "စိန်ခေါ်မှုများသောနှစ်" ဖြစ်ပါသည်။

  2. 02လက်လျှော့ဖို့အတွက် စောလွန်းပါသေးတယ်!

    "ယန်း သန်း ၃၀" ဆိုသည့် ပမာဏကိုပင် အဓိကထား သတင်းထုတ်ပြန်ခဲ့ကြသဖြင့် စိတ်ပျက်အားလျှော့နေသော လုပ်ငန်းရှင်များလည်း အများအပြား ရှိကောင်းရှိနိုင်ပါသည်။
    2028ခုနှစ်အထိ အချိန်ကျန်ပါသေးသည်။
    ဒီကြားထဲမှာ သင့်တော်တဲ့ အစီအစဉ်တွေ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားပါက အဆင်ပြေမည့်လမ်းကြောင်း သေချာပေါက် ပေါ်ထွက်လာပါလိမ့်မည်။ စံသတ်မှတ်ချက်အသစ် မကျင့်သုံးမီ အချိန်ကာလကို မည်သို့ကုန်လွန်စေမည်ဆိုသည့်အပေါ် မူတည်၍ သင်ရဲ့ဘဝရလဒ် အဆုံးအဖြတ် ဖြစ်သွားမည်ဖြစ်သည်။

  3. 03"စီးပွားရေး" ကို ကျွမ်းကျင်နားလည်သော ပညာရှင်များက သင့်စိန်ခေါ်မှုအတွက် ကူညီပံ့ပိုးပေးသွားပါမည်။

    Japan Bridge တွင် ဗီဇာလျှောက်ထားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖြစ် နှစ်ပေါင်းများစွာ စုဆောင်းထားသော နည်းလမ်း (Know-how) များ၊ ကုမ္ပဏီစီမံခန့်ခွဲမှုနှင့် စီးပွားရေးကဏ္ဍအမျိုးမျိုးအကြောင်း နက်နဲသောဗဟုသုတများအပြင် M&A ပွဲစားလုပ်ငန်း၊ ဝန်ထမ်းရှာဖွေဆက်သွယ်ပေးခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းလျှောက်ထားခြင်း စသည့် အဆင့်မြင့် ဖြေရှင်းနည်းများလည်း ရှိပါသည်။
    ကျွန်ုပ်တို့သည် ဤအသိပညာနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး လုပ်ငန်းရှင်များနှင့်အတူ ရပ်တည်ပေးကာ၊ လမ်းညွှန်ပြသ၍ အတူတကွ လက်တွဲရင်ဆိုင်ပေးခြင်းဖြင့် 2028သို့ ဦးတည်သော သင့်စိန်ခေါ်မှုကို ကူညီပံ့ပိုးပေးသွားပါမည်။

အသစ်ထပ်မံဖြည့်စွက်မည့် "စီးပွားရေး/စီမံခန့်ခွဲမှု" ဗီဇာဆိုင်ရာ စည်းကမ်းချက်များ

မ,တည်ရင်းနှီးငွေ
စီးပွားရေးလုပ်ငန်း ပမာဏ/စကေးနှင့် ပတ်သက်သည့် စည်းကမ်းချက်များ မြင့်တက်လာမည်ဖြစ်ပြီး မ,တည်ရင်းနှီးငွေ သို့မဟုတ် ထည့်ဝင်ငွေ စုစုပေါင်းကို ယခင်ကထက် ပိုမိုစိစစ် စစ်ဆေးမည်ဖြစ်သည်။
အမြဲတမ်းဝန်ထမ်း
အမြဲတမ်းဝန်ထမ်း ခန့်အပ်ထားခြင်းသည် စိစစ်စစ်ဆေးမှု စည်းကမ်းချက်အသစ် ဖြစ်လာမည်ဖြစ်ပြီး ဝန်ထမ်းခန့်အပ်မှု စနစ်ကို ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်မည်ဖြစ်သည်။
ဂျပန်စာ အရည်အချင်း
ဂျပန်စာအရည်အချင်း စသည့် စည်းကမ်းချက်များ ထပ်မံပါဝင်လာမည်ဖြစ်ရာ လုပ်ငန်းရှင်ကိုယ်တိုင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်း စနစ်ပိုင်းမှ ပြင်ဆင်တုံ့ပြန်ရန် လိုအပ်မည်ဖြစ်သည်။
စီးပွားရေး စီမံခန့်ခွဲမှု အတွေ့အကြုံ
သင့်ရဲ့ ပညာရေးနောက်ခံနဲ့ စီးပွားရေးအတွေ့အကြုံကို ပြန်လည်သုံးသပ်မှာဖြစ်ပြီး ယခင်က လုပ်ဆောင်ခဲ့ဖူးသော စံချိန်စံညွှန်း/အထောက်အထားများကို စနစ်တကျ ပြုစုခြင်းနှင့် သက်သေပြခြင်းတို့ လိုအပ်မည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်း အစီအစဉ် (Business Plan)
စီးပွားရေးလုပ်ငန်း၏ ဆက်လက်ရပ်တည်နိုင်မှုနှင့် တည်ငြိမ်မှုကို ပြသသည့် စီးပွားရေးလုပ်ငန်းအစီအစဉ်စာတမ်း (Business Plan) အကြောင်းအရာများကို ပိုမိုတင်းကြပ်စွာ စိစစ်စစ်ဆေးမည်ဖြစ်သည်။

Japan Bridge Administrative Law Office မှ ပေးအပ်သော အတူတကွ လက်တွဲဆောင်ရွက်ပေးမည့် One-Stop Service

STEP 1
လက်ရှိအခြေအနေအား ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း
စံသတ်မှတ်ချက်အသစ်နှင့် နှိုင်းယှဉ်၍ သင့်ကုမ္ပဏီ၏ လက်ရှိအခြေအနေ မည်မျှအထိ ကိုက်ညီမှုရှိသည်ကို စစ်ဆေးပေးပါမည်။
STEP 2
ကိုက်ညီစေမည့် အစီအစဉ် ရေးဆွဲခြင်း
စစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံ၍ 2028 ခုနှစ်မတိုင်မီ လိုအပ်သော ပြင်ဆင်မှုများကို အစီအစဉ် ရေးဆွဲ ပုံဖော်ပေးပါမည်။
STEP 3
ရေးဆွဲထားသော အစီအစဉ်ကို အကောင်အထည်ဖော်ရန် ကူညီပေးခြင်း
ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုကို အတူတကွ လက်တွဲ ကူညီပေးပါမည်။
STEP 4
ဗီဇာ သက်တမ်းတိုး လျှောက်ထားခြင်း
ပြင်ဆင်မှုများ ပြီးစီးသည့်အခါ စံသတ်မှတ်ချက်အသစ်အတိုင်း ဗီဇာသက်တမ်းတိုး လျှောက်ထားမှုကို ဆောင်ရွက်ပေးပါမည်။

"စီးပွားရေး စိန်ခေါ်မှု 2028" ၏ ထူးခြားချက်များ

01
များပြားလှသော ဗီဇာလျှောက်ထားမှု အတွေ့အကြုံ အောင်မြင်မှုများ
ယခုအချိန်ထိ ဗီဇာလျှောက်ထားမှု အတွေ့အကြုံ အမြောက်အမြားကို အခြေခံ၍ စစ်ဆေးမှုဆိုင်ရာ အဓိကအချက်များကို မိမိရရ ဆုပ်ကိုင်ထားသော အစီအစဉ်များ ရေးဆွဲပေးပါမည်။
02
"စီးပွားရေး" ကို နားလည်သော အလွှာပေါင်းစုံ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
Gyoseishoshi (အုပ်ချုပ်ရေးဆိုင်ရာ ရှေ့နေ) သာမက Judicial Scrivener (တရားရေးရာ အရာရှိShihoshoshi)၊ စာရင်းကိုင်/အခွန်ပညာရှင် စသည့် ကုမ္ပဏီစီမံခန့်ခွဲမှု ကျွမ်းကျင်သော ပညာရှင်အသီးသီးက ဖြေရှင်းနည်းများကို အကြံပြုပေးပါမည်။
03
အတူတကွ လက်တွဲ၍ အကောင်အထည်ဖော် ကူညီပေးခြင်း
အစီအစဉ် ရေးဆွဲခြင်း သို့မဟုတ် အကြံပြုခြင်း အဆင့်တွင်တင် မရပ်တန့်ဘဲ အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်လည်း အကြံပေးပညာရှင်က အတူတကွ ရှိပေးပြီး အောင်မြင်အောင် ကူညီပေးပါမည်။

အကြံပေးပညာရှင်များ၏ ကိုယ်ရေးအကျဉ်း (Profile)

Japan Bridge Administrative Law Office ၏ ကိုယ်စားလှယ်Uchida Shintaro

  • Gyoseishoshi
  • Judicial Scrivener
  • အိမ်ခြံမြေအရောင်းအဝယ် ကျွမ်းကျင်သူ

တိုကျိုတက္ကသိုလ် ဥပဒေပညာဘွဲ့ရ။ TOEIC ရမှတ် 990 မှတ်။
ဗီဇာလျှောက်ထားမှု Professional ဖြစ်ရုံမက Judicial Scrivener အဖြစ် ကုမ္ပဏီ စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများအတွက် ဥပဒေကြောင်းအရ ဖြေရှင်းနည်းများနှင့် အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာ နားလည်သူဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်အဖြစ် မိမိကိုယ်တိုင် အတွေ့အကြုံများကို အခြေခံ၍ Client တစ်ဦးချင်းစီအတွက် အကောင်းဆုံး ဖြေရှင်းနည်းများကို ပေးအပ်သွားပါမည်။

Japan Bridge Co., Ltd. ၏ ဒါရိုက်တာYamada Makoto

  • Gyoseishoshi
  • ရေကြောင်းဆိုင်ရာလုပ်ထုံးလုပ်နည်းကျွမ်းကျင်သူ

Sony Group တွင် စီးပွားရေးလုပ်ငန်းသစ်များ စတင်ထူထောင်ခြင်းနှင့် ပြည်ပရှိ ဒေသဆိုင်ရာ ကုမ္ပဏီခွဲများကို ကြီးကြပ်ကွပ်ကဲခြင်းတို့ကို တာဝန်ယူခဲ့ဖူးသည်။ လက်ရှိတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ နက်ရှိုင်းသော အသိပညာများကို အသုံးပြု၍ ခွင့်ပြုချက်လိုင်စင် လျှောက်ထားခြင်း၊ M&A၊ ဝန်ထမ်းရှာဖွေ ဆက်သွယ်ပေးခြင်း စသည့် စီမံခန့်ခွဲမှုနှင့် နီးကပ်စွာ သက်ဆိုင်သော ဖြေရှင်းနည်းများကို ပေးအပ်လျက်ရှိသည်။ စိတ်ချယုံကြည်ရသော မိတ်ဖက်အဖြစ် လုပ်ငန်းရှင်များနှင့်အတူ လက်တွဲဆောင်ရွက်ပေးမည့် ပညာရှင်ဖြစ်သည်။

နိုင်ငံအလိုက် အခမဲ့ အွန်လိုင်းဆွေးနွေးပွဲ ကျင်းပရန် အစီအစဉ်

စံသတ်မှတ်ချက်အသစ်၏ အဓိကအချက်များနှင့် ပြင်ဆင်ဆောင်ရွက်ရမည့် နည်းလမ်းများကို နားလည်လွယ်အောင် ရှင်းလင်းပြောကြားပေးသွားပါမည်။

မြန်မာ

September 8 (အင်္ဂါနေ့)15:00 - 16:00

အခမဲ့ Seminarလျှောက်ထားရန် ဤနေရာသို့

ဗီယက်နမ်

September 9 (ဗုဒ္ဓဟူးနေ့)15:00 - 16:00

အခမဲ့ Seminarလျှောက်ထားရန် ဤနေရာသို့

ရှေးဦးစွာ "စံသတ်မှတ်ချက်အသစ်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း" ကို စတင်လိုက်ပါ!

လူကိုယ်တိုင် တွေ့ဆုံ၍သော်လည်းကောင်း၊ အွန်လိုင်းမှသော်လည်းကောင်း ဆွေးနွေးတိုင်ပင်ခြင်းဖြင့် သင်၏ လက်ရှိအခြေအနေတွင် "စီးပွားရေး/စီမံခန့်ခွဲမှု" စံသတ်မှတ်ချက်အသစ်နှင့် မည်မျှအထိ ကိုက်ညီမှုရှိသည်ကို ကျွမ်းကျင်ပညာရှင်များက ဘက်လိုက်မှုမရှိဘဲ စစ်ဆေးပေးပါမည်။
လက်ရှိအခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်ခြင်းသည် 2028 ခုနှစ်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရန် အဓိက စတင်ရာအချက် ဖြစ်ပါသည်။
စစ်ဆေးခြင်းနှင့်အတူ ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းလမ်း အနှစ်ချုပ်များကိုလည်း အကြံပြုတင်ပြပေးသွားပါမည်။
ဝန်ဆောင်ခမှာ ၁ ကြိမ်လျှင် ယန်း ၁၀,၀၀၀ (အခွန်မပါ) ဖြစ်သည်။
စိန်ခေါ်မှုကို ရင်ဆိုင်ရန် ပထမဆုံးခြေလှမ်းကို အတူတကွ လှမ်းကြပါစို့!

"စံသတ်မှတ်ချက်အသစ်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း" လျှောက်ထားရန် ဤနေရာသို့